ဖၠုံဆိုဒ်ဖေါဟ်ဆ်ုခၠါင်လဝ်ဆောဝ်လဝ်ဍံင်လ်ုဖး

၁။ ကၠာဍီးအွာ ကၠာဖောဟ်အွာအေး၊

ကျီးကန်းဥသည် ဖြူသော်လည်း ကျီးကန်းသားသည် မဖြူ။

၂။ က္ၜင်ဍောဟ် အ်ုလုံႋဍောဟ်ဝေ့လှ်၊

သင်္ဘောကြီးလျှင် လှိုင်းထလည်းကြီးသည်။

၃။ ခေဝ့်ဍာင်စွး ခေဝ့်ၜးလင်ဖံင်၊

ဆိုးသောကျား ထောင်ချောက်မိ။

၄။ ခေဝ့်မ်ုသီ့ ခေဝ့်အာင်းထိုဲ့၊

သေခါနီးကျား နောက်ဆုံးခဲသည်။

၅။ ခေဝ့်ဍုဂ်ၮဲစူးမေံအေး၊

ကျားတို့မည်သည် လက်သည်းကိုမပြ။

၆။ ခုဂ်မေဝ်ႋထဝ့် ယောတ်ထာင်အ်ုခေါဟ်၊

ဖွတ်မြီးရှည်တော့ လည်ကိုပြန်ချီသည်။

၇။ ခေါဟ်ဆုင်ခါင့်ၜါင်း ဟ်ုၜံင်းကး၊

နောက်စိရဲ့တော့ စည်းရခက်သည်။

၈။ ခေါဟ်လံင်လ်ုဖၠုံး ဍီးလ်ုဖၠုံး၊

တောင်တစ်တောင် ဥတစ်လုံးဥ။

၉။ ခေဝ့်ဃွှာဲၮှ်ခေဝ့်ဍာင်၊

ကျားပိန်ကျားဆိုး။

၁၀။ ခၠုံးထင်းမီ့ဍိုဝ်သိင်း၊

သစ်ပင်ကိုမှီသောညောင်။

၁၁။ ခေါဟ်ၰုဲးအေလုံခွါ လုံခွါကိုဝ့်ၯာ၊

ကတုံးတုံးလျှင် အားလုံးတုံးပါ။

၁၂။ စူးလ်ုခဝ့်ဟ်ုဍယ်သဝ့်အေး၊

လက်တစ်ဖက်တီးက အသံမမြည်နိုင်။

၁၃။ စူးနုံဖေါဟ်ထဝ့် သိင်းလးအိင်းလာဲ၊

လက်မှာ အတိုအရှည် သစ်ရွက်မှာ အကျဉ်းအကျယ်။

၁၄။ ဆ်ုဆိုင်မုက်လင်ယးဖေါဟ်သာ၊

ငါးကလေးမြူးအောင် ရွာသောမိုး။

၁၅။ ဆ်ုဖေါဟ်အှ်ေ ၜးလင်ႋအေး၊

တောကြောင်များချေးပါ နေရာမမှန်။

၁၆။ ဆင့်ၜၠဟ်မေံ ဍးၮေဝ်ႋၜူးဍင်၊

ကြက်ကန်း စပါးတောင်းတွေ့။

၁၇။ ဆင့်မီ့ၮေဝ်ႋ ဆ်ုဖောဟ်မီ့ၮေဝ်ႋအေး၊

ကြက်အိပ်ရသော်လည်း တောကြောင်အိပ်မရ။

၁၈။ ဆင့်ဖောဟ်ဃွှဲ စောဝ်ၜၠဟ်ဟ်ုမေံသး၊

အမိမဲ့ကြက် မျက်လုံးဖောက်တတ်သည်။

၁၉။ ဆင့်မောဝ်ႋအောဝ်အောတ် ဆ်ုဖါန်ထင်းအေး၊

ကြက်မတွန်တော့ မိုးမလင်း။

၂၀။ ဆင့်မောဝ်ႋၯေဝ် အဝ်လင်အ်ုဍီး၊

ကြက်မကောင်း ဥပြန်သောက်သည်။

၂၁။ ဆင့်ဖေါဟ်အင်းဆ်ုဖေါဟ်ဝှေံ ဆင့်မောဝ်ႋအင်းဆင့်မောဝ်ႋဝှေံ။

ကြက်ကလေးစား ကြက်ကလေးယက်၊ ကြက်မစား ကြက်မ ယက်။

၂၂။ ဆ်ုနိုင့်ယှာႋ လုဲႋအင်းၮင်းၜင်း၊

နွားအို မြက်နုရွေးစား။

၂၃။ ဍိင်းလ်ုဖၠုံး ၯိက်အ်ုသောဟ်ၮေဝ်ႋအေး၊

နှမ်းတစ်စေ့ ဆီမထွက်နိုင်။

၂၄။ ဟ်ုဍောဟ်ဟ်ုယှင်း အ်ုထါ်အှ်အေး၊

ချမ်းသာဆင်းရဲ ပင်စည်မရှိ။

၂၅။ ၮ်ုနိုဝ်ၮှ် ထဝ့်ၮာင်းၮ်ုၮာ့လ်ုၰေဝ်၊

ပါးစပ်က နှာခေါင်းထက် မရှည်နဲ့။

၂၆။ ၮင်းၯိင်းထါ် ဆ်ုနိုင့်အင်းအုဲးအေး၊

အိမ်နားမြက် အိမ်နွားမကြိုက်။

၂၇။ ၮေဝ်ႋမာ့ယူႋ လင်ယူႋ၊

ကြွက်နှင့်ညားတော့ ကြွက်ဖြစ်မည်။

၂၈။ တ်ုခုဲႋဖဝ့် လင်ဆာဆာလဝ့်၊

ဘန့်ဘွေးပွင့် တဖြည်းဖြည်း ကြွေသည်။

၂၉။ တာင်က္ၜင် သာမဲထာလုက်ၰေဝ်၊

သင်္ဘောတည်လျှင် သံကုန်မှာ မစိုးနှင့်။

၃ဝ။ ထာခေဝ့်ၮှ် ဍးခေဝ့်၊

ကျားကိုစိမ်ခေါ်လျှင် ကျားနှင့်တွေ့မည်။

၃၁။ ထီ့ဍောဟ် သ်ုမးသီ့အေး၊

ရေကြီးလည်း မိကျောင်းမသေနိုင်။

၃၂။ ဖဝ့်မ်ုအှ်ေခါ့ အင်းၰူ့ဖိုင်ထေဝ်ႋ၊

ချေးယိုခါနီးမှ အပေါက်ရှာ။

၃၃။ ဖံင်းယးအးၜိင်း ယးၯာဖၠေဝ်၊

ငါးကို အများကြီးဖမ်းလျှင် လွတ်သွားတတ်သည်။

၃၄။ ဖံင်းၜးဝူႋသင့်ခေါဟ်ယုဂ် ဖံင်းထံင်ႋအေထုက်၊

မြွေဟောက်ခေါင်း ကိုင်မိလျှင် မြဲမြဲကိုင်ထား။

၃၅။ ဖေါဟ်လ်ုၯေဝ်ၜး ၜးထါ်မောဝ်ႋဖါႋ၊

သားသမီးမကောင်း မိဘခေါင်း။

၃၆။ ဖေါဟ်းသးသွဲစူ သာယှာႋၜးသွဲဍာ၊

ကလေးများက ချွန်ထားလျှင် လူကြီးများက တုံးအောင်လုပ်။

၃၇။ ဖေါဟ်ဍေအး ဖါႋဍေအဲ၊

သားများလေ ဖအေကြိုက်လေ။

၃၈။ ဖိုင်လီထေံဖာ ဖိုင်သင့်ဏေဝ်ႋ၊

အိုးဟောင်းကွဲလျှင် အိုးသစ်ရမည်။

၃၉။ မေဝ်လ်ုဖၠုံးထာ မေဝ်လ်ုဖိုင်နိုင်အေး၊

ထမင်းတစ်လုံးက ထမင်းတစ်အိုးကို မနိုင်ပါ။

၄၀။ ယးလီးအး အ်ုဖိုင်ဆူႋ၊

ငါးရံ့ခေါင်းတိုများတော့ တွင်းတိမ်တတ်သည်။

၄၁။ ယးအူးလ်ုအုဲး ဟ်ုအင်းထုံႋ၊

မကောင်းသောငပိ အစားခံသည်။

၄၂။ ယးၯာဖၠေဝ် ယးဍောဟ်၊

လွတ်သောငါး ကြီးသည်။

၄၃။ ယးၮှ်ဖှ်ေအင်းကဲ နံင်းၮှ်ဍုဂ်ၮဲကဲအေး၊

ငါးတော့ပေးစားမည် အင်းကိုတော့ မပြနိုင်ပါ။

၄၄။ ယးအူးလ်ုၜိင်း အူးလုက်ခၠါ၊

ငါးတစ်ကောင်ပုပ်က အားလုံးပုပ်သည်။

၄၅။ သိင်းဖဝ့်ၮှ်လေဝ်ဆံင်ႋ ၮေဝ့်ၮင်ႋဆိုဝ်အေး၊

ပန်းပွင့်များ ပျားနောက်လိုက်ရိုးမရှိ။

၄၆။ သာဍေယှာႋ ထင်းသိင်းဍေထဝ့်၊

အသက်ကြီးလေ သစ်ပင်အမြင့် တက်ရလေ။

၄၇။ ဟ်ုၯယ်စွး ဟ်ုဆံင်းယှူ့၊

လှုပ်ပါများတော့ အမွေးပွသည်။

၄၈။ ဟ်ုမေံဖီး ဟ်ုဍးလင်အေး၊

ကိုယ့်မျက်ချေး ကိုယ်မမြင်။

၄၉။ ခင်းလင်လုံႋထုက်ထင်းၮေဝ်ႋ နိုဝ်လင်လုံႋထုက်ထင်းၮေဝ်ႋအေး၊

ခြေကျွံလျှင် နုတ်၍ရသည်၊ နှုတ်ကျွံလျှင် နုတ်မရ။

၅၀။ ဟ်ုအှ်ေနိုင့်အူး ဖဝ်ႋအ်ုသင့်လဝ့်၊

ချေးတုံး စိုတုန်းသာနံသည်။

၅၁။ ဟ်ုၯာစွးဟ်ုယှင်း ဟ်ုအင်းအးၯုဂ်ဖုံ့ထင်း၊

ပြောင်းပါများတော့ ဆင်းရဲ၊ စားပါများတော့ ဝမ်းပျက်။

၅၂။ အွးဖၠုံဖင့်လး ဟ်ုယင်ဍိင်ဆာ့အေး၊

သူများအောက်ကျို့ ခါးမနာ။

၅၃။ သှ်ေလုက်သီး ၜးလုက်အေး၊

အားလုံးတတ်၊ အားလုံးသိသော်လည်း အားလုံးမမှန်နိုင်။

၅၄။ အ်ုမောဝ်ႋကီးကာင်ၮှ် အ်ုဖေါဟ်ကီးကာင်ဆေဝ်ႋလှ်၊

အမေက ကြောင်ကျားလျှင် သားကလည်း ကြောင်ကျားမည်။

၅၅။ အ်ုကၠဝ်လူႋမုက်လာၮင့် အ်ုဍီးဆာင်း၊

ကြိုးကြာက အသံသာသော်လည်း ဥချဉ်သည်။

၅၆။ အ်ုနိဝ့်ဆိုင့်ၜေ့ၮေဝ့်ဆင် အ်ုသာကာင်းၜေ့ၯေဝ်ႋခွင်၊

နှုတ်က သကာလိုချို၊ နှလုံးက ကြိမ်ခွေလိုကောက်။

၅၇။ အေမွာဲဓံင့်ၮှ် ဟ်ုၜးအုဲအေး၊

ရွှေမှန်က အရောင်တင်ရန်မလို။

၅၈။ အှ်ဖေါဟ်ဃွှဲဍေမောဝ်ႋ မဝ့်မှ်အှ်သိင်းလာယှူး၊

အဖမဲ့၍ အမေနှင့်နေလျှင်၊ သစ်ရိပ်ခိုခြင်းနှင့် တူသည်။

၅၉။ အှ်အးနိုင့်အူးအှ်ေ အှ်ယှာသာမဲခေဝ့်၊

အများနှင့်နေလျှင် ချေးစော်နံသည်။ တစ်ယောက်တည်း နေကျားကြောက်ရ။

၆ဝ။ အှ်ကှ်ေဝယ်အ်ုဆုဲးအဆဝ် အေသာဝီႋဟ်ုအင်းယဝ့်၊

အပိုအလျှံထားလျှင် ဝမ်းဆာတော့ စားရလွယ်၏။

၆၁။ အင်းထီသး ၜးယှုဂ်ပျထီမူႋ၊

သခွားသီးစားလျှင် သခွားနွယ်ကို လိုက်ရမည်။

၆၂။ အင်းအေသှ်ေၮှ် အှ်ေၜးသှ်ေ၊

စားတတ်လျှင် ယိုလည်းတတ်ရမည်။

၆၃။ အင်းဆ်ုအုဂ်ယး ယောဝ်ႋဆ်ုအုဂ်မေံသးအေး၊

မျောက်သားစားလျှင် မျောက်မျက်နှာ မကြည့်နှင့်။

၆၄။ အာ်သာ်မေင်ႋသီ့ၮင်းခၠုဂ်ၜါ် လ်ုဖံင်ဆ်ုဖ်ုယိက်ဍာ်၊

မြက်ဖုံးသည့်တိုင် ရသေ့တရားထိုင်လည်း ကဲ့ရဲ့ခြင်းမှ မလွတ် နိုင်။

၆၅။ ၜူးသောဟ်ၮှ် ဍီလ်ုအ်ုယာင်လဝ့်၊

စပါးဖျင်း အဝေးလွင့်သည်။

၆၆။ ၜင်းဆာင်းသာ် အေနုက်လင်ၮာ့သှ်ေယာ့လှ်၊

မျှစ်ချဉ်ဖတ် နှာခေါင်းဝင်မှသိမည်။

၆၇။ ၜၠးယှာ့လ်ုသှ်ေၜး လဝ်လေ့ဝးလ်ုၯေဝ်ၜး၊

နှီးဖျာမတတ်တော့ ဝါးမကောင်းဟု ပြောသည်။

၆၈။ ၯာၯေဝ်ခေဝ့် တံင်ၮံင်းဍေထောဝ်၊

ကျားရှောင်ကာမှ ဝက်ဝံနှင့်တိုး။

၆၉။ ၰေံလ်ုကၠာင်ၜး အာင်းသှ်ေအေး၊

မသွေးသောဓား မထက်တတ်။

၇၀။ ဟ်ုၮီႋဆံင်းၮှ် ဟ်ုၜးၯင်းသှ်ေ၊

ရယ်လွန်းလျှင် ငိုရတတ်သည်။

၇၁။ ဖောဟ်းသးဍးၮေဝ်ႋ စေဝ်တုဂ်၊

ကလေးငွေတွင်းတွေ့သလို။

၇၂။ ခၠီ့ထေံဖါအ်ုၰိုဲအး မၞီႋထေံဖါလင်ယှး၊

လှေကွဲအဖိုးများ၊ လူကွဲတော့ ကွေကွင်းရ။

၇၃။ ၜးခ်ုလုက်ထီ့ဍောဟ်ၜါ်ကောဝ် ထီ့ဍေဍောဟ်ယာႋဍေဖၠောဝ်၊

ရေကြီးသော်လည်း မကြောက်၊ ရေကြီးလေ ကူး၍သွားလေ။

၇၄။ ၮာႋၮှ်ဍိုဝ်အေထဝ့် မေံၮှ်ယောဝ်ႋအေယာင်၊

နားကို ကျယ်ကျယ်စွင့်၍ မျက်စိကို ဝေးဝေးကြည့်ပါ။

၇၅။ သိင်းဍေဝးၮ်ုအေၜံင်ထံင် ဆံင်းဆာႋၮ်ုဝါင်သှ်ေအေးထံင်၊

သစ်နှင်းဝါးတွဲ၍ တံတားဆောက်ပါက အားပြိုင်နေ၍ လျှောက် မရ။

၇၆။ သာဍောဟ် လင်ဖၠင်းခေါဟ်၊

စိတ်နောက်ကိုယ်ပါလုပ်လျှင် ဟပ်ထိုးလဲတတ်သည်။

၇၇။ ၯိင်းၜးအှ်ဍေၰင့် မၞီႋၜးအှ်ဍေဥာၮ်၊

အိမ်မှန်လျှင် လှေကားရှိရမည်၊ လူမှန်လျှင် ဉာဏ်ရှိရမည်။

၇၈။ ဆ်ုလေဝ်အှ်လေဝ်ဍေၮ်ုသိုဝ် ယံင့်ဝဲါၜးမ်ုၯာဖၠိုဝ်၊

ခရီးသွား အဖော်မပါလျှင် လမ်းမှားရောက်က ခက်တတ် သည်။

၇၉။ ဆင့်က်ုတဟ်ဆင့်မ်ုဍီး ထုဲးၯင်းအှ်ေထုဲးမ်ုသီ့၊

ကြက်မကတော်လျှင် ဥမည်၊ ခွေးအူလျှင် ခွေးသေမည်။

၈၀။ အ်ုသင့်ၮှ်မာအေၮေဝ်ႋ အ်ုလီၮှ်ခွိက်ယှိုဝ်လ်ုၰေဝ်၊

အသစ်ကို ရအောင်ရှာ၊ အဟောင်းကိုလည်း မစွန့်နဲ့။

၈၁။ အ်ုမေံသးလာဲ အ်ုသိုဝ်အး၊

မျက်နှာကြီးတော့ မိတ်ဆွေပေါသည်။

၈၂။ ဆ်ုၯေဝ်ၮှ် ဆ်ုၜးစဲ၊

လှလွန်းတော့ ပျက်တတ်သည်။

၈၃။ ဆ်ုၯေဝ်ၮှ်အင်းၰူ့ၮေဝ်ႋ ဆ်ုအိုင်ၮှ်ခွိက်ယှိုဝ်ခွိက်၊

ကောင်းတာကိုရှာ၊ မကောင်းတာကိုစွန့်။

၈၄။ သာပေဝ့်ၮှ်အ်ှထဝ်ႋသှ်ေ၊

စိတ်အားငယ်တော့ နောက်ကျန်တတ်သည်။

၈၅။ မောဝ်ႋဖါႋဂုၮ်လ်ုသှ်ေယာ့ ထၟာ့နူလင်ၜးဆ်ုၮာ၊

မိဘကျေးဇူး နားမလည်တော့ ဒုက္ခရောက်တတ်သည်။

၈၆။ ၮ်ုလူႋၮှ်လဝ်အေဆိုင့် ထ်ုဍံင်ၮှ်ကံင်အေခိုင့်၊

လုံချည်ခိုင်အောင် ဝတ်သလို အသံလည်း သာယာစေ။

၈၇။ ကျုင်းၮှ်ဟ်ုယှင်း ဟ်ုၰာၮှ်ဟ်ုထင်း၊

ပျင်းလျှင်ဆင်းရဲ၊ လုံ့လရှိမှ ချမ်းသာ။

၈၈။ လိက်လ်ုသှ်ေၜးမေံၜၠဟ် လေဝ်လ်ုသှ်ေၜးၯာဖၠိုဝ်၊

စာမတတ်တော့ မျက်ကန်း၊ သွားမတတ်တော့ လမ်းမှား။

၈၉။ ခၞင်သာင့်ၜးအ်ုထိုဝ် သဝ့်စွးသၟိုဝ်၊

ရှမ်းခလောက် အတံထိတော့ အသံမြည်လှသည်။

၉၀။ ပၞာႋယှာႋအုဲးအ်ုနုံ မၞီႋယှာႋအဲအ်ုဍုံ၊

ကျွဲအိုဂျိုသယ်၊ လူအိုတော့ သား မြေးချစ်။

၉၁။ ထုဲးယာင်ႋၮေဝ်ႋထောဝ်ခင်းလင်ႋ၊

ခွေးက ဝက်ခြေရာကို နင်းသည်။

၉၂။ ဟ်ုမူးၯေဝ်အ်ုခေါဟ်ထဝ့် ဟ်ုခွါ့ၯေဝ်အ်ုသာထဝ့်၊

မိန်းမမြတ် ဆံရှည်၊ ယောက်ျားကောင်း စိတ်ရှည်။

၉၃။ ဆ်ုမူးအိုင်အ်ုနိုဝ်သှ်ေ ဆ်ုခွါ့အိုင်စာင်းတ်ုလေံ၊

မိန်းမပျက် စကားယုတ်၊ ယောက်ျားယုတ် လမ်းမယူ။

၉၄။ ဆ်ုၯေဝ်ၮှ်အှ်ကှ်ေအ်ုလုံ့ ထိုင့်ဖူ့ဝဲါအှ်အေကုံ၊

ပစ္စည်းကောင်း လုံအောင်ထိန်း၊ သားချင်းများ စည်းလုံးပါ။

၉၅။ ၯိင်းဍောဟ်လုက်ခေါဟ်အး မၞီႋဍောဟ်ဟ်ုလဝ်ကး၊

အိမ်ကြီးတော့ အမိုးကျယ်၊ လူကြီးတော့ ပြောမလွယ်။

၉၆။ စူးၯယ်ဖၠူႋဟ်ုနိုဝ်စှ်၊

လက်လှုပ်တော့ ပါးစပ်စို။

၉၇။ ဟ်ုယှင်းၮှ်ထ္ၜာ ဖေါဟ်သးၮှ်ယင့်သာ၊

ဆင်းရဲသူကို မစ၊ ကလေးကို သနား။

၉၈။ က်ုမၠိုင့်အုဲးအ်ုခေါဟ်လ်ုပြင် ၜေသိိုင့်အုဲးထီ့လးၯင့်၊

ရေတွင်းကောင်းပါလျက် အမိုးမသန့်ရှင်း၊ ဟင်းကောင်းပါလျက် ဆားငန်။

၉၉။ ကၠာ်စွးၜေ့ယးခါခ်ုဍိုဝ် လ်ုအှ်ၮာင်ခါင့်ၮင်ႋဆိုဝ်၊

ဆူးတောင်အားကိုးသော ငါးပြေမ၊ ဘယ်အခါမှ ပလိုင်းအောက် မနေ။

၁ဝဝ။ ဟ်ုစာင်းစွးဟ်ုခင်းဆောဝ် ဟ်ုအာင်းစွးဟ်ုမဲဖေါတ်၊

သွားလွန်းတော့ ခြေတောင့်၊ စားကျူးတော့ သွားကျိုး။

၁၀၁။ ယးလီးအးအ်ုုဖိုင်လ်ုယောတ် ဟ်ုယှာႋအးလေဝ်ဆ်ုလ်ုဖၠိုဝ်၊

ငါးရံ့ခေါင်းတိုများတော့ တွင်းတိမ်၊ လူအိုများနှင့် ခရီးသွား တော့ မတွင်။

၁၀၂။ ကၠောဟ်ၜးဆံင်ၮးအ်ုလူႋ ၰေံၜးယောဝ်ႋအ်ုၮာႋလဝ့်၊

စည်ကောင်းမကောင်း အသံကိုနားထောင်ရသည်၊ ဓား ကောင်းမကောင်း အသွားကို ကြည့်ရသည်။

၁၀၃။ ကၠံင်အှ်ထ်ုဍိုင်ၜးအှ် ယှံင်အှ်ခေါဟ်ထိင်ႋၜးဖၠဟ်၊

စေတီမှန်က ထီးရှိရမည်၊ နဂါးမှန် အမောက်ရှိရမည်။

၁၀၄။ ခေဝ့်ဍာင်စွးခေဝ့်ၜးဖံင် အင်းဆးအးဆ်ုဆာ့ဍးခံင်၊

ကျားဆိုး ထောင်ချောက်မိ၊ အစားကျူးတော့ ရောဂါရှိ။

၁ဝ၅။ ထောဟ်ဖၠေဝ်ထင်းမုဂ်ခေါဟ်လ်ုထံင် လင်ထေံဍိုဝ်ထာင်ၮာ့မံင်းလံင်၊

ကောင်းကင်ပေါ် တံတွေးမရောက်၊ နှာခေါင်းပေါ်သာ ပြန်ကျ။

၁၀၆။ ဆေဝ်ခွေဝ်ထင်းခေဝ့်လ်ုအ်ုဖိုင် ခေဝ့်ၯယ့်ထင်းမာလ်ုနိုင်၊

တွင်းအောင်းကျားကို ဆွတော့ ကျားထွက်လာသောအခါ မနိုင် မနင်း ဖြစ်တတ်သည်။

၁၀၇။ ဝးၜင်းကာထာင်ဝးယှာႋ ဖောဟ်သးသံင်းထာင်မောဝ်ႋဖာႋ၊

ဝါးနုက ဝါးရင့်ကိုပြန်ချီ၊ ကလေးက မိဘကိုပြန်ဆုံးမ။

၁၀၈။ ထီ့ယွာဆံင်းထီ့လ်ုယောတ် ထီ့အုံတုံထီ့ယောတ်၊

ရေစီးသန်လျှင် ရေတိမ်၊ ရေငြိမ်လျှင် ရေနက်။

၁၀၉။ ၜူးအေဆာအှ်ထင်းလ်ုခၠါင်ႋဖိုင် ထောဝ်အေသောဟ်အှ်လ်ုဖံင်ဖိုင်၊

အောင်သောစပါး တလင်းတွင်းမှာရှိ၊ ဆူဖြိုးသော ဝက်ခြံတွင်း မှာရှိ။

၁၁၀။ မေဝ်သှ်ေအှ်ဍေအ်ုဆဝ့် ၮဝ့်သှ်ေအှ်ဍေအ်ုဆဝ့်၊

ထိုးတတ်လျှင် ဘက်ရှိမြဲ၊ နပန်းတတ်လည်း ဘက်ရှိမြဲ။

၁၁၁။စာင်းလ်ုၰေဝ်ၮယ့်ယးဖၠေံသိုင့် ဖံင်လ်ုအေးသၞာင်တိုင်၊

ငနုသန်း ဘယ်လိုပင် ရှောင်ပြေးလေဦးတော့ ယက်သဲ့နှင့် မလွတ်မြောက်နိုင်။

၁၁၂။ စူးလ်ုသှ်ေမ်ုၜၠးယှာ့ လူးလ်ုသှ်ေမ်ုထာထး၊

မဖျာတတ်ဘဲ နှီးဖျာချင်၊ ယက်ကန်းမတတ်ဘဲ ရက်ချင်သည်။

၁၁၃။ ဆ်ုနိုင့်ခေါဟ်လေင်ႋလေဝ်အေလံင် လင်ခါင့်လ်ုဍံင်းပျုက်အ်ုကျံင်း၊

ရှေ့စောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်။

၁၁၄။ ဆ်ုနိုင့်လင်ဖါဍေအ်ုသိုဝ် ခေဝ့်ဖူ့စုဂ်အာင်းယဝ့်စွးဍဝ်၊

အုပ်ကွဲသောနွား ကျားဆွဲလွယ်သည်။

၁၁၅။ ဍူလာ့အင်းၜိုဝ်အင်းအူးၰာင့် ကာပ်ုထေဝ်ႋဆာ့ဍးနောတ်ဝးကာင်၊

ငပိစုတ်သောယင်ကောင်၊ တောက်သော်လည်း ဝါးခြမ်းသာ ပျက်စီး။

၁၁၆။ ထောဟ်ယှးအဲလင်အ်ုမေဝ်ႋ မၞီႋအဲလင်အ်ုဆိုဒ်၊

ဒေါင်းငှက်က အမြီးကိုမြတ်နိုး၊ လူက အမျိုးကိုချစ်။

၁၁၇။ ထောဟ်လယ့်ထီ့လ်ုၯုဂ် ထောဟ်လယ့်ခံင်လ်ုၯုဂ်၊

တင်ကျီးငှက်လည်း တစ်ဝမ်း၊ ဗျိုင်းလည်း တစ်ဝမ်း။

၁၁၈။ ထောဟ်ၜးယူထံင်အ်ုသီ့ မၞီႋၜးကုက်ထံင်အ်ုမီ့၊

ငှက်များ ပျံသန်းရင်းသေ၊ လူများလည်း အိပ်ခါမှ အနားယူ နိုင်။

၁၁၉။ ဖောဟ်သးကးသာၯင်း သာယှာႋကးသာၮီႋ၊

ကလေးရှက်တော့ ငို၊ လူကြီးရှက်တော့ ရယ်။

၁၂၀။ မေံခါ်ၮှ်ကိုဝ်ဆ်ုအေသဝ့် မေံဖါန်ၮှ်ဝီ့ဍုံးဝေ့လှ်၊

မျက်ကန်းက ကျယ်ကျယ်ခေါ်လျှင် မျက်မြင်သူက ထူးလိမ့် မည်။

၁၂၁။ မာဏေ၀်ႋအုဲးဆောဝ့်ဟ်ုဖၠုံးၮာင် ခါ့အေၜးသုံ့ထာင်၊

ပလိုင်းငှားပြီး အချိန်ကျက ပြန်ပေးပါ။

၁၂၂။ လးအိုင်ၮှ်ဟှေဝ်လ်ုအ်ုလယ့် ဆ်ုသာလောတ်ဆ်ုလ်ုပွယ်၊

ရုပ်ဆိုး၍ စိတ်ထားဖြူသောလူ အများရွံသော်လည်း ပေါင်းဖက် ကြမည်။

၁၂၃။ ဖီးမေံၜးမေံ ဆာ့သာၜးသာ ဆ်ုလင်လာ၊

မုန်းပေမယ့် ချစ်၊ နာသော်လည်း ကြင်၊ ထူးသောစွမ်းအင်။

၁၂၄။ ဝးလ်ုၜံင်ၯထီ့အေး မၞီႋလ်ုၯာၯံင်ဆ်ုအေး၊

ဝါးတစ်ချောင်းဖြင့် ချောင်းကူးမရ၊ လူတစ်ယောက်တည်း ကိစ္စမပြီးနိုင်။

၁၂၅။ သိင်းထဝ့်ယုက်လ်ုဖံင်ဍေလီ လာင့်ထဝ့်ယုက်လ်ုဖံင်ဍာ်သိင်း၊

သစ်ပင်မြင့်သော်လည်း လေကိုမကျော်နိုင်၊ တောင်မြင့်သော် လည်း သစ်ပင်ကို မလွှားနိုင်။

၁၂၆။ ဟ်ုကျုင်းၮှ်ဟ်ုၮာ့နိုင့် ဟ်ုၰာၮှ်ဟ်ုနိုဝ်ဆိုင့်၊

ပျင်းသောသူ အာပုပ်နံ့ထွက်၊ လုံ့လရှိသူ သတင်းမွှေး။

၁၂၇။ အ်ုမိင်ထင်းခဝ့်မွာဲမေဝ်ထံင် ဖဝ်ႋၜုဂ်ထးသိင်းလးလံင်၊

ကောက်ညှင်းထုပ်သာဆိုတယ် ဖက်ကပ်ရုံသာရှိ။

၁၂၈။ ၯာင်ႋလ်ုအှ်မ်ုၮဝ့်ၜးသာ လိက်လ်ုသှ်ေမ်ုလဝ်ၜးသာ၊

အားမရှိဘဲ စမ်းချင်သည်၊ စာမတတ်ဘဲ ဟောချင်သည်။

၁၂၉။ ၯိုင့်ဍေၮာႋၮယ်ၜးလ်ုၰေဝ် ဍးဍေမေံၮယ်လာႋၮင်ႋပေဝ့်၊

ကြားရုံဖြင့် မယုံနှင့်၊ မြင်သော်မှ နည်းနည်းသာယုံ။

၁၃ဝ။ ဝးၯေဝ်ၮှ်ထွာဲဖုံႋခါ ဟ်ုမူးၯေဝ်သီးဝါအး၊

ဝါးကောင်း ပိုးထိုး၊ မိန်းမလှ ချစ်သူများ။

၁၃၁။ ဟ်ုယှင်းၮှ်ၮာ့ၯာႋအင်း ဟ်ုဍောဟ်ၮှ်ၮာ့ၯာႋစေဝ်၊

ဆင်းရဲသား အစားမက်၊ ချမ်းသာသူ ငွေမက်။

၁၃၂။ ၯိင်းၜးအှ်ဍေအ်ုထုင်း မၞီႋၜးအှ်ဍေဆ်ုကုံး၊

အိမ်ဆို တိုင်ရှိရမည်၊ လူဆို ဉာဏ်ရည်ရှိရမည်။

၁၃၃။ သုဂ်ကျာၮှ်အှ်အေတဝ် ခေါဟ်လံင်ဍောဟ်ထီ့ထင်းကဲလဝ့်၊

သစ္စာတည်လျှင် မြင့်မားနေသောတောင်ပင် ရေထွက်နိုင်။

၁၃၄။ သံဃာ့ၜးအှ်ဍေဓဝ်ႋ ဆ်ုခၠါင်ၜးလဝ်အေတဝ်၊

ရဟန်းတို့ တရားရှိသလို၊ စကားလည်း အမှန်ပြောရမည်။

၁၃၅။ ထုံးလီႋလ်ုသှ်ေ လဝ်ဍေၯင်းခေါဟ်လ်ုၰင်၊

မကတတ်တာကို မြေမညီ၍ ဆိုတတ်သည်။

၁၃၆။ လဝ်ၮှ်ယဝ့် မာၮှ်ကး၊

အပြောလွယ် လုပ်တော့ခက်။

၁၃၇။ ဆ်ုခၠါင်ဍောဟ် ကုက်ဆ်ုပေဝ့်လဝ့်၊

စကားကြီးသူ အလုပ်မှာ ဖျင်းတတ်သည်။

၁၃၈။ မေဝ်ၜုံးအေးၮှ်လဝ်လ်ုၯေဝ် ကဲထင်းအေးၮှ်ၯံင်လဝ့်၊

မထိုးရဲတာ မပြောင်နှင့်၊ မဖြစ်ဘူးသာပြော။

၁၃၉။တာ်ခေါဟ်ဆာႋလဝ်သှ်ေတဝ် အ်ုက်ုဆာႋသုဲးလ်ုဝဝ်၊

ခေါင်းဆောင်ကြီးအပြောရဲရင့်၊ ကိုယ်တိုင်ကသွေးမနီ။

၁၄ဝ။ ထီ့ထင်းသှ်ေ ထီ့လင်သှ်ေလှ်၊

ရေတက်ရှိလျှင် ရေကျလည်းရှိတယ်၏။

၁၄၁။ အ်ုမောဝ်ႋယိုင်စွး အ်ုဖောဟ်မူႋၮင်ယှာႋ၊

အမေမူလွန်းတော့ သမီး အပျိုကြီးဖြစ်။

၁၄၂။ အ်ုဖာႋအိင်ၰာင်ဆ်ုကဲ အ်ုဖောဟ်ၮေဝ်ႋဍေအ်ုမဲ့၊

အဖေပူလွန်းတော့ သားမုဆိုးမနှင့်ညား။

၁၄၃။ အ်ုဖာႋဖၠူႋ အ်ုဖောဟ်လ်ုပီ၊

အဖေရူးတော့ သားလည်း ပေါတတ်သည်။

၁၄၄။ အ်ုမောဝ်ႋခၠါင်သှ်ေ အ်ုဖောဟ်ဆ်ုဖီးမေံ၊

အမေကနှုတ်ဆိုးတော့ သားသမီး အများမုန်း။

၁၄၅။ ဆ်ုဖၠူႋအး သၞာပါ့က်ုတိုင်၊

အရူးများတော့ သူတောင်းစား သောင်းကျန်း။

၁၄၆။ ကဲထောဟ်ဍဝ်သာမဲလိက်သိင့် ကဲခုဲးဍဝ်သာမဲလင်ဃွှိင်၊

ငှက်ဖြစ်တော့ စွန်ရဲကြောက်ရ၊ ပုတ်သင်ညိုဖြစ်တော့ မိုးခြိမ်းသံ ကြောက်ရ။

၁၄၇။ ကံင်သှ်ေထာၜးသှ်ေ အင်းသှ်ေကုက်ၜးကဲ၊

ဝတ်ဆင်တတ်လျှင် ယက်တတ်ရမည်။ စားတတ်လျှင် လုပ် နိုင်ရမည်။

၁၄၈။ ဖၠုံသာယှာႋအ်ုယးလိုင်၊

အသက်ကြီးသူများ အသားနွေးသည်။

၁၄၉။ လ်ုၜးဍံင်ၜး မာဍံင်လ်ုၰေဝ်၊

မတူနိုင်တာကို မတုပါနှင့်။

၁၅၀။ သာဍောဟ်လင်ဖၠင်းခေါဟ် သာပေဝ့်လင်ထင်ႋသှ်ေ၊

စိတ်ကြီးလွန်းလျှင် ကျွံတတ်သည်၊ စိတ်ငယ်လွန်းလည်း ကျန် တတ်သည်။

( ဆြာ့မန်းသင့်နောင်”အ​ရှေ့ပိုးကရင်စာအုပ် )

Leave a Reply

EASTERN PWO KAREN UNICODE TEAM

Discover more from Eastern Pwo Karen Unicode Team

Subscribe now to keep reading and get access to the full archive.

Continue reading